တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ တွင် စာဖတ်ဝိုင်းကျင်းပ

တပ်ကုန်း    ဒီဇင်ဘာ    ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန၊ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဝင်များဖြင့် စာရေးဆရာ စောမုံညင်း(စည်သူဒေါ်ရင်ရင်) ရေးသားထားသည့် မြတ်နိုးစရာမြန်မာ့ ရိုးရာများစာအုပ်ကို ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်တင့်တင့်ခိုင် ဦးစီး အရာရှိ (တာဝန်ပေး)၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မှု-ပျဉ်းမနား)နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းဝင်းမြင့် (မြကျောက် အေးချမ်း)၊ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ ဦးမျိုးမြင့် (မြန်မာစာ) တို့က စာပေဝါသနာရှင်များနှင့်အတူ စာရေးဆရာ စောမုံညင်း (စည်သူဒေါ်ရင်ရင်) ရေးသား ထားသည့် မြတ်နိုးစရာမြန်မာ့ရိုးရာများစာအုပ်တွင်ပါရှိသော ငယ်စဉ်အခါပညာရှာ၊ မြန်မာ့ ခေါင်းပေါင်းဓလေ့၊ မြန်မာအမျိုးသမီးနှင့်တဘက်ပဝါ၊ မြန်မာ့ဆံကေသာ၊ ချစ်စဖွယ် မြန်မာ့စရိုက် ကလေးများ၊ အုန်းမောင်းခေါက်သည့်ဓလေ့၊ရေချမ်းစင်လှူဓလေ့ စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိ ပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယနေ့ကျင်းပသည့်စာဖတ်ဝိုင်းမှာ (၅)ကြိမ် မြောက် စာဖတ်ဝိုင်းဖြစ်ကြောင်း သိရသည်။

တင်စိုးလွင် ( ပြန်/ဆက်)