မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိပညာဗဟုသုတများ မျှဝေပေးခြင်းလုပ်ငန်းများ ရိုက်ကူးတင်ဆက်လျက်ရှိ

မင်္ဂလာဒုံ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကလေးငယ်များ အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်၍ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် များနှင့် ကလေးငယ်များအတွက် အသိပညာဗဟုသုတများရရှိစေရန်အတွက် မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ စာကြည့်တိုက် Facebook Page မှ သုတ၊ ရသစာအုပ်မိတ်ဆက်ခြင်း အစီအစဉ်၊ ပုံပြင်ပြောခြင်းအစီအစဉ်၊ ကဗျာရွတ် ဆိုခြင်း အစီအစဉ်၊ ကျန်းမာရေးနှင့်ပတ်သတ်သည့် ဗဟုသုတများနှင့် အသိပညာဗဟုသုတရစေမည့် အကြောင်းအရာ များကို Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

သန္တာ