ဒဂုံ ဒီဇင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းရှိ အမှတ်(၁) အခြေခံပညာ အထက်တန် းကျောင်းတွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac) ထိုးနှံခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များကို ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့် အညီ ထားရှိပေးပြီး၊ ဒဂုံမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းရှိ အသက်(၁၂)နှစ်နှင့် အထက်ရှိ ကျောင်းသား၊ ကျောင်းသူ (၉၆)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(Sinovac)ကို ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆေးထိုးနှံရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဒဂုံမြို့နယ် (ပြန်/ဆက်)