လမိုင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲကျင်းပ

လမိုင်း   ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူအေးက လွတ်လပ်ရေးရရှိသည့်  ခုနှစ်၊ လွတ်လပ်ရေးရရှိရေးအတွက် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ လွတ်လပ်ရေး၏ အနှစ်သာရစသည် တို့ကို ပညာပေးဟောပြောသည်။

ဆက်လက်၍ အ.လ.က မွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား စာအုပ် စာပေများကို တန်ဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အတွေးအခေါ် အမျှော်အမြင်များ တိုးတက်လာစေရန် ရည်ရွယ်၍   စာအုပ်၊ စာစောင်ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေလာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)