တောင်ပြိုလက်ဝဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ရုပ်ပုံဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

တောင်ပြိုလက်ဝဲ ဒီဇင်ဘာ ၁၅

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ၁ နာရီအချိန်က တောင်ပြိုလက်ဝဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန် မူလတန်းအဆင့် ရုပ်ပုံဆေးရောင်ခြယ် ပြိုင်ပွဲကို ပြုလုပ်ကျင်းပသည်။

ရှေ့ဦးစွာ တောင်ပြိုလက်ဝဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဦးသိန်းနိုင်က ကျောင်းသား/သူများ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်း ဆောင်ရွက် တတ်သည့် အလေ့အထရှိစေရန်၊ ဗဟုသုတရှာမီနေရာတစ်ခုအဖြစ် သိရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် စည်းကမ်းချက်များအား ပြိုင်ပွဲဝင်သူများသိရှိစေရန် ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရုပ်ပုံဆေးရောင်ခြယ် ပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာ အထက်တန်းကျောင်း၊ တောင်ပြိုလက်ဝဲမြို့မှ မူလတန်း အဆင့် ကျောင်းသား/သူ (၁၀)ဦး ဝင်ရောက်ယှဉ် ပြိုင်ကြပြီး ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)