ကျိုက်မရော ဒီဇင်ဘာ ၁၅
ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ လက်ကိုင် အသံချဲ့စက်များ အသုံးပြုကာ လိုက်လံနှိုးဆော် လျက်ရှိသည်။
ထိုကဲ့သို့အသိပေးနှိုးဆော်ရာ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါပိုး မျိုးကွဲဗီဇပြောင်း အိုမီခရွှန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် မဖြစ်သေးသော်လည်း အခြားသောနိုင်ငံများတွင် စတင်ဖြစ်ပေါ် လျက်ရှိသဖြင့် မိမိတို့မြို့ရွာအတွင်း မဖြစ်ပွားမီ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်းကာကွယ်နိုင်ရန် ကိုဗစ်-၁၉ကာကွယ်ဆေးအား အကြိမ်အပြည့်အဝ ထိုးနှံထားကြရန်၊ ပြည်သူများအနေဖြင့် လူစုလူဝေး ရှောင်ကြရန်၊ အပြင်ထွက်တိုင်း ပါးစပ်ပိတ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန် အပြင်မှ ပြန်လာတိုင်းလက်ကို ဆပ်ပြာဖြင့် စနစ်တကျစက္ကန့်၂၀ကြာအောင် ဆေးကြောရန်၊ ကိုဗစ်ရောဂါပိုးကူးစက် ပြန့်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)