ငါန်းဇွန် ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် နိုဝင်ဘာ ၂ဝရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ တတိယသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ယမန် နေ့က ငါန်းဇွန်မြို့နယ်အတွင်း မြို့မဇုံမှ (၁၅)ဦး၊ မြို့သာဇုံမှ (၅)ဦး၊ ငါန်းမြာဇုံမှ (၁၀)ဦး၊ ခြင်္သေ့လက် ဇုံ မှ (၁)ဦး၊ သားကျင်ဇုံမှ (-)ဦး၊ ဂျိုဇုံမှ (၆)ဦး၊ သံဘိုဇုံမှ (-)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦးနှင့် ကုလား ရွာဇုံမှ (၁) ဦး၊ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် စုစုပေါင်း (၃၈)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြ သော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာ ရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက အသက်(၅၅)နှစ်နှင့် အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယသုတ် ဒုတိယ အကြိမ် ထိုးနှံပေးရာ နိုဝင်ဘာ ၂၀ရက်နေ့မှ ဒီဇင်ဘာ ၁၄ရက်နေ့အထိ စုစုပေါင်း(၃၀၇၄)ဦးထိုးနှံပြီးကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)