တပ်ကုန်းမြို့၌ ဆောင်းရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းသိကောင်းစရာများ Talk Show ကျင်းပ

တပ်ကုန်း     ဒီဇင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက်တွင် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း သိကောင်းစရာများ Talk Show အစီအစဉ်ဆွေးနွေးခြင်းကို ဒီဇင်ဘာ ၁၄ရက်‌ နံနက်၉နာရီခွဲက  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ(Community  Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်(တာဝန်ပေး)၊ မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနမှူး ဆရာမ ဒေါ်ဆွေဆွေယုတို့က ဆောင်းရာသီတွင် အများဆုံးဖြစ်တတ်သောရောဂါများ၊ ဝမ်းချုပ်ခြင်း၊ အသားပတ်ခြင်းနှင့် အသားအရည်ခြောက်ခြင်း၊ နှလုံးရောဂါရှိသူများ ဆောင်းတွင်းကာလတွင် သတိထားရမည့်အချက်များ၊ တုပ်ကွေးရောဂါဖြစ်ပွားပုံနှင့်လက္ခဏာများ၊ တုပ်ကွေးရောဂါကုသ နိုင်မည့်နည်းလမ်းများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်းရာသီတွင် ဖြစ်ပွားတတ်သောရောဂါများ အကြောင်းသိကောင်းစရာများ Talk Show အပြည့်အစုံကို တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့် တိုက် Facebook page တွင်  တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်

ပြန်ဆက်ရုံး

တပ်ကုန်းမြို့