မော်လမြိုင်မြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်း သတ်နည်း သရုပ်ပြ

မော်လမြိုင်      ဒီဇင်ဘာ   ၁၄

ပြည်သူလူထုအတွင်း  မီးဘေးအန္တရာယ်    အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ပါက ကြိုတင် ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေးခြင်းကို  ယနေ့နံနက် ၉နာရီ က   မော်လမြိုင်မြို့နယ်   မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက  မြို့နယ်သစ်ထုတ်လုပ်ရေးဦးစီးဌာနရုံးတွင်  ဝန်ထမ်းများအား လက်တွေ့သရုပ်ပြပေးသည်။

သရုပ်ပြပေးရာတွင်  အရေးပေါ်အခြေအနေ  မီးလောင်မှုဖြစ်ပွားပါက အရေးပေါ် မီးငြှိမ်းသတ်ခြင်း၊  ရှာဖွေကယ်ဆယ်ခြင်း၊    အသင့်အနေထားဖြစ်နေစေရန် သဲပုံး၊   ရေပုံးများ   မီးချိတ်၊  မီးကတ် မီးသတ်ဆေးဘူးများ၊  စနစ်တကျရှိရေးနှင့်  မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင်များထားရှိရေး တို့ကို ပြောကြားပြီး  လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေးသည်။

မော်လမြိုင်မြို့နယ်  မီးသတ်ဦးစီးဌာနအနေဖြင့်   ပြည်သူများ  မီးဘေးအန္တရာယ်မှ   ကြိုတင် ကာကွယ်နိုင်စေရန်     အသိပညာပေးခြင်းများ၊   မီးသုံးစွဲရာတွင်    ကာကွယ်ရမည့်   နည်းလမ်းများ ဆောင်ရွက်ပေးခြင်းအပြင်  မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့်   မြဲ()မြဲ၊   မြန်()မြန်၊ သင့်() သင့်နှင့်အညီ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း