မြစ်ကြီးနားမြို့၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် တည်းခိုနေထိုင် ပညာသင်ကြားလျက်ရှိသော အင်ဂျန်းယန်မြို့နယ်ဒေသမှ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများပေးအပ်

ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီခွဲက မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်ရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲသို့ အင်ဂျန်းယန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးရဲရင့်လှိုင်နှင့်အဖွဲ့ဝင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းအောင်၊  မြို့နယ်ဒုတိယပညာရေးမှူး ဦးသက်ဇော်လင်းနှင့်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးကျော်စိုးနိုင်တို့က မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် တည်းခိုနေထိုင်ပြီး ပညာသင်ကြားပေးလျက်ရှိသော အင်ဂျန်းယန် မြို့နယ်မှ ဆရာ၊ဆရာမ ()ဦးနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ (၁၁)ဦးတို့အား Face Shield (၅၀)ခုနှင့် Mask တစ်ထုတ်လျှင် (၁၀)ခုစီပါ (၄၀၀)ထုတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးရဲရင့်လှိုင်က ကျောင်းအုပ်ဆရာမကြီး ဒေါ်လုဘူထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အင်ဂျန်းယန်