ဂွမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်း သွားလာခြင်း မရှိစေရေး အသိပညာပေး လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိ

ဂွ ဒီဇင်ဘာ  ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာပေးခြင်းများ ကို ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ဂွ-ငါးသိုင်းချောင်း မီးပွိုင့် လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာခြင်း မရှိစေရေး အသိပညာပေးခြင်းကို ဂွမြို့နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ  တာဝန်ရှိသူများ ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေးခြင်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်