မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

မိုင်းလုံ ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နေ ပြည်သူများ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို  စာပေချစ်မြတ်နိုးသူများ အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်နိုင်‌စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန   (Community  Centre)  ခန်းမ၌  ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ သည်။

ရှေးဦးစွာ ဆွေးနွေးပွဲကို ဒေါက်တာလွင်သန့်(ဆေး-၂)မှ ရေးသားသော "မင်္ဂလာ မောင်မယ်ကျန်းမာရေး စကားဝိုင်းများ (၁၁)" စာအုပ်ဖြင့် စတင်၍ဆွေးနွေးပြီး စာအုပ်ပါခေါင်းစဉ်များနှင့် သက်ဆိုင်သော အကြောင်း အရာများ အခြားမိမိတို့သိရှိ ထားသော ကျန်းမာရေးဗဟုသုတများကို အပြန်အလှန်ဆွေးနွေးကြရာ (Book Club)အသင်းအဖွဲ့ဝင် ဦးမြမောင်မှ သွား၊ ခံတွင်းရောဂါနှင့်ပတ်သက်သော အကြောင်းအရာများ၊ ဒေါ်နန်းဆိုင်မှ ညီညွတ်မျှတတဲ့အစား၏ အကျိုးကျေးဇူးများနှင့် ဦးသာအောင်မှ အိပ်မပျော်ခြင်း(၅)မျိုး အကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေနွေးပွဲ တက်ရောက်လာသူများကလည်း ယခုလို ကျန်းမာရေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဦးဆောင်၍ ဆောင်ရွက်ပေးရာ မိမိတို့သိသည့်အသိများကို မိတ်ဆွေအချင်းချင်း ဖလှယ်နိုင်ပြီး ကျန်းမာရေး အသိများတိုးပွားလာမည်ဖြစ်သောကြောင့် ကျေးဇူးတင်စကားများ ပြောကြား ခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)