မိတ္ထီလာ ဒီဇင်ဘာ ၁၄
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင် နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူ ၄၂ဝ၅ ဦးအား ယနေ့နံနက် ၉ နာရီအချိန်က ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး ကြောင်း သိရသည်။
အဆိုပါ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးရာတွင် မြင်းကန်ကျေးရွာအုပ်စုမှ ၅ဝဝ ဦးအား မြင်းကျေးရွာဓမ္မာရုံတွင်လည်းကောင်း၊ ဆပ်ပြာကျင်းကျေးရွာ မှ ၄၅ဝ ဦးအား ဆပ်ပြာကျင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်လည်းကောင်း၊ သရက်ပင်ကျေးရွာအုပ်စုမှ ၃၉ဝ ဦးအား ကျေးသာအိုင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ ဆည်အောင်ကျေးရွာအုပ်စုမှ ၅၄၅ ဦးအား ဆည်အောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ တောမကျေးရွာအုပ်စုမှ ၆၄၅ ဦးအား တောမကျေးရွာ ဈေးကုန်းကျောင်းတိုက်ဓ မ္မာရုံတွင်လည်းကောင်း၊ ဈေးအရှေ့ပြင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့မှ ၁၂ဝ၅ ဦးအား အောင်မင်္ဂလာခန်းမတွင်လည်းကောင်း၊ အောင်ဆန်းရပ်ကွက်မှ ၆၅ဝ ဦးအား ဝင်းဝင်းဓမ္မာရုံတွင်လည်းကောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်း များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုးနှံ ပေးခဲ့ခြင်းဖြစ်သည်။
ချမ်းသာ