တနိုင်း ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန Community Centre ရုံးခန်းမ၌ ဒီဇင်ဘာ(၁၄) ရက်နေ့ နေ့လည်(၁၁)နာရီက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ"တက်တိုး"၏ "ကျွန်တော့်အတွေးအခေါ် မှတ်စုများ" စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြု လုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှော ဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဦးဖေအောင် စာကြည့်တိုက်လက်ထောက်-၃က "စာတွေ့၊ လက်တွေ့" ခေါင်းစဉ်ကို လည်းကောင်း၊ ဒေါ်ဂျာအောင်လု - ရုပ်သံကျွမ်းကျင်-၃(ပြ)က "ကိုယ်ချင်းစာတရား" ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး စာဖတ်ဝိုင်းကို လစဉ်ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
ဝါဝါ