မြင်းခြံ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် ပဉ္စမအသုတ် ပထမအကြိမ် အဖြစ် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊ တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံ နှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ(၉)ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ ဗိမာန်တို့တွင် ဒီဇင်ဘာ ၇ ရက်နေ့မှစတင်၍ ထိုးနှံပေး လျက်ရှိပြီး၊ ဒီဇင်ဘာ ၁၃ ရက်တွင် မြင်းခြံမြို့နယ်မှ အသက်(၁၈)နှစ်အထက် ပြည်သူ (၅၈၅) ဦးကို ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ စုစုပေါင်း (၁၆၂၈)ဦးရှိပြီဖြစ်ကြောင်းနှင့် အခြားကျန်ရှိသည့် ပြည်သူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ကတ်(သို့မဟုတ်) အိမ်ထောင်စုလူဦးရေစာရင်းစာရွက် ယူဆောင် လာရန်သာလိုအပ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်