လမ်းမတော်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူ ဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

လမ်းမတော် ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ယ‌နေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးရုံး ခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူးရုံးမှ လဝကမှူး ဦးကြည်ဝင်းနိုင်၊ ဦးဆောင်သော ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများဖြစ်သည့် ရွှေ့ပြောင်း နေထိုင်သူများနှင့် လက်ရှိရပ်ကွက်အတွင်း နေထိုင်သူများအား တိုင်းရင်းသားတိုင်း  မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက် နေ့စဉ် အခမဲ့ လဝကဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်