ဟိုပင် ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်−၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ အဆုတ်ရောင်ရောဂါ (2019-nCoV) မိမိကစ၍ ကာကွယ်ပါ၊ ကိုဗစ်−၁၉ ရောဂါ ရပ်တန့်ဖို့ ရောဂါကာကွယ်ရေးနည်းလမ်းများကို အားလုံးဆက်လက်လိုက်နာလို့ ပူးပေါင်းဆောင်ရွက် ကြပါစို့၊ ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်း များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများကို နံရံစာစောင်တွင် ကဏ္ဍာစုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။
တိုးတိုးမေ−ဟိုပင်