ရပ်စောက် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနရုံးသို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည်တိုက်သို့ လာရောက်ငှားရန် အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ သုတ၊ ရသစာအုပ်များကို မြို့နယ် တိုင်းရင်းဆေးပညာ ဦးစီးဌာနရုံးမှ ဝန်ထမ်းများအား ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ရပ်စောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများအား စာအုပ်စာစောင်များငှားရမ်းပေးခြင်းနှင့် အသစ် လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ် အင်္ဂါနေ့တိုင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)