နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

နမ့်ဆန်    ဒီဇင်ဘာလ     ၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက်ပိုင်းက “လူငယ်အထက်တန်းစားစိတ်ဓာတ်” စာအုပ်မှ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် “လူငယ်အထက်တန်းစားစိတ်ဓာတ်”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းထားထားလှိုင်က ဌာနတွင်း လူထုအခြေပြုဗဟိုဌာန Community Centre ဖွင့်လှစ်၍ အသိပညာပေး ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ယနေ့စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားခဲ့ပါသည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသည့် ဝါသနာတူ စာပေ ဝါသနာရှင်များက “လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်” စာအုပ်မှ လူငယ်နှင့်အလေ့အကျင့် ခေါင်းစဉ်၊ လူငယ်နှင့်အမှိုက်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်အကြောင်းအရာများကို အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)