တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်သာ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင်  အနာဂတ်ကို မျှော်တွေးပါ  စာအုပ်ဖြင့် စာဖတ်ဝိုင်းကို   ယနေ့နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များနှင့် စာပေဖတ်ရှုသည့် အလေ့အထ တိုးတက်မှုရရှိစေရန်  အပတ်စဉ်အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

စာထောက်(၃)ဒေါ်သိမ့်သိမ့်အေးက  အနေခတ်တဲ့ ညတစ်ည  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုပ်သံ ကျွမ်းကျင်(၃) ဒေါ်ဌေးဌေးဝင်းက  မိသားစုပရဟိတ  ခေါင်းစဉ်ဖြင့်လည်းကောင်း၊   ဓာတ်ပုံ ကျွမ်းကျင် (၂) ဦးကျော်မျိုးနိုင်က  အနာဂတ်ကို မျှော်တွေးပါ  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်တင်မိုးခိုင်က စံပြလူသားဖြစ်ဖို့လိုပြီ ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး  ဦးရဲဝင်အောင်နှင့် ဝန်ထမ်းများက အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ကျော်မျိုးနိုင်(တောင်သာ)