ညောင်ဦး ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၂၅၉၇၉၄ ဦး ထိုးနှံပေးခဲ့ပြီ ဖြစ်ကြောင်း ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်း တောင်းမြို့ နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၆၄၁၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၄၅၀၆၀ ဦး၊ Sinovac ပထမအကြိမ် ၃၃၁၆ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၃၁၀၈ ဦး၊ စုစုပေါင်း ၁၁၅၆၁၄ ဦး ထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးပေးနိုင်မှု ၈၀၆၇၃ ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု ၅၄၆၉၂ ဦး၊ Sinovac ပထမအကြိမ် ထိုးပေးနိုင်မှု ၄၄၉၄ဦး၊ Sinovac ဒုတိယအကြိမ် ၄၃၂၁ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ပေါင်း ၁၄၄၁၈၀ ဦး ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း ပေါင်း၂၅၉၇၉၄ဦး ထိုးနိုင်ပေးနိုင်ပြီဖြစ်ကြောင်း၊ ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
ကိုထိန်၊KPD