ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၄
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြစိမ်းရောင် ကျေးရွာ စီမံကိန်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က မိတ်ဆက်စကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း(လက်ထောက်ညွှန်ကြားရေးမှူး -နည်းပညာ)က မြစိမ်းရောင်စီမံကိန်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ ကျေးရွာစိစစ်ရွေးချယ်မှု အခြေအနေများ၊ ကျေးရွာကော်မတီရွေးခြယ်ဖွဲ့စည်းမှုပုံစံနှင့် တာဝန်များ၊ မြို့နယ်အတွင်း လုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည့်မှစ၍ ယခုဘဏ္ဍာနှစ်အထိ စီမံကိန်းဆောင်ရွက်နေသည့် ကျေးရွာများနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို အကျယ်တဝံ့ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)