မောက်မယ်မြို့နယ်၌ ကျောင်းသား/ကျောင်သူများ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သဖြင့် ပညာသင်ကြားလျက်ရှိ

မောက်မယ်    ဒီဇင်ဘာ    ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများပြားလာသည့်အတွက် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ပြီး ယမန်နေ့မှ စ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သဖြင့် အေးချမ်းစွာ ပညာသင် ကြားနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်း စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဦးစီး၍လုံခြုံရေး လာရောက်ကြီးကြပ် ပေးခြင်း၊ ဆရာဆရာမများကလည်း ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် ရောဂါ ကူးစက်မှုအား ကာကွယ်ရန်အတွက် ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊  နှာခေါင်းစည်း (Mask)တပ်ဆင်စေခြင်း ၊ စာသင်ခန်းအတွင်း မဝင်မီ စနစ်တကျ လက်ဆေးစေခြင်း၊ ၆ ပေ အကွာတွင်သာစနစ်တကျ ထိုင်စေခြင်းစသည့်  ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)