မိုင်းဖြတ်၌ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၈၀)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (၂၆၇၇) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ 

မိုင်းဖြတ်     ဒီဇင်ဘာ      ၁၄

ရှမ်းပြယ်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရက်ကွက်နှင့်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ​ယမန်​နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်း​ဆင်း​ဆောင်ရွက်ပြုလုပ်​ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းက “ပန်းခင်းစီမံချက်"ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်း များက ​ဟွေရှိုကျေးရွာများမှ ကျေးရွာနေပြည်သူများ လာရောက်လျှောက်ထားသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား (၂၆) ဦးနှင့်  အိမ်ထောင်စုလူဦးရေစာရင်း  အိမ်ထောင်စု (၅)စု တို့ကို (အခမဲ့) ဆောင်ရွက် ပေးနိုင်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး အနေဖြင့် ပန်းခင်းစီမံချက် လုပ်ငန်း​ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ယနေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၆၇၇) ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း (၁၈၀) စုတို့ကို (အခမဲ့)ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာများသို့ကွင်းဆင်းပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

​​​သန်းထွန်းအေး