မိုင်းခတ်မြို့ ပြည်သူ့စာကြည့်တိုက်၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြုလုပ်

မိုင်းခတ်     ဒီဇင်ဘာ    ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်း‌၌ ကလေးများ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အ‌နေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်တတ်စေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေ‌ရန် ဉာဏ်စမ်းပဟေဠိ အဖြေညှိကြစို့ ပြိုင်ပွဲအစီအစဉ်အား ကျင်းပပြုလုပ်ရာ ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူများက အုပ်စုဖွဲ့၍ ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)