ကွမ်းလုံမြို့၌ မီးဘေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ကွမ်းလုံ         ဒီဇင်ဘာ        ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၌ မီးဘေးအန္တရယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကွမ်းလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် အသိပညာပေး Online Talk Show အစီအစဉ်အား ရိုက်ကူးထုတ်လွင့်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရယ်အသိပညာပေး Online Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းနိုင်လင်းက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို မေးမြန်းခဲ့ရာ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးအာကာဝင်းက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ အိမ်တိုင်းမီးသတ်ဆေးဘူး ထားရှိကြရန်နှင့် မီးလောင်မှုမဖြစ်ပွားရန် ပြည်သူများလိုက်နာရမည့် အချက်များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် အချက်များ၊ လျှပ်စစ်မီးလောင်မှု ဖြစ်ပွားရခြင်း၏ အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက်  မီးသတ်ဦးစီးဌာနမှ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခြင်း၊ ဈေးနှင့် စာသင်ကျောင်းများ တွင် မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြသဆောင်ရွက်ခြင်း၊ မီးသတ်ဆေးဘူးများအိမ်တိုင်းထားနှံ နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)