ဟဲဟိုး ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ (၁၂) ရက် မွန်းလွဲပိုင်းက ကလောမြို့နယ် ဟဲဟိုးအင်းခေါင်းကျေးရွာရှိ Agricultural Product Processing Center အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပရော့ဂျက်အင်ဂျင်နီယာတစ်ဦးမှ အဆောက်အဦ ပြီးစီးမှု (၇၅) ရာခိုင်နှုန်းနှင့် အဆောက်အဦကို ၂၀၂၂ ခုနှစ် မေလ (၁၅) ရက် နေ့တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟဲဟိုးအင်းခေါင်းမျိုးပွားဥယျာဉ်ခြံအား သွားရောက်ကြည့်ရှုရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့် ဟဲဟိုးမျိုးပွား ဥယျာဉ်ခြံ ဦးစီးအရာရှိ ဦးညီညီအောင်တို့မှ ဟင်းသီးဟင်းရွက် မျိုးပွားဆောင်ရွက် ထားရှိမှုနှင့် ရာသီဥတု အခြေအနေများကို ရှင်းလင်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး စုံညီပွဲတော် ကျင်းပခဲ့သည့်နေရာ၊ အာလူးမျိုးပွားစိုက်ပျိုး ထားသည့်ဥယျာဉ်ခြံ အင်းခေါင်းဟဲဟိုးဆည်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)