အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

အင်းစိန် ဒီဇင်ဘာ ၁၄

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများ အသင်း(Book Club )အဖွဲ့ဝင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ် ရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဒေါက်တာဗိုလ်သံမဏိနှင့် (Book Club) အဖွဲ့ဝင်များက စာရေးဆရာဦးဝင်းနွယ် (ပုသိမ်)ရေး သားထားသည့် မျှဝေလိုသောဝတ္ထုတို ရေးနည်းစာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူ့ စာကြည့်တိုက် Facebook Page တွင်လည်း Talk Show အသိပညာပေး အစီအစဉ်များ၊ စာအုပ် မိတ်ဆက်၊ ပုံပြော၊ ကဗျာ ရွတ်များ စီစဉ်တင်ဆက်ခြင်းများနှင့် ပြည်သူ့စာကြည့်တိုက်တွင်လည်း သုတ၊ ရသစာအုပ် စာစောင်မျိုးစုံကိုလည်း စာဖတ်ပရိသတ်များကို ငှားရမ်းဖတ်ရှုနိုင်ရေး ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်းလည်း သိရသည်။

အေးအေးခိုင်(ပြန်/ဆက်)