ချမ်းအေးသာစံ ဒီဇင်ဘာ ၁၃
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ မူကြိုကျောင်းရှိ ကျောင်းသား မိဘများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ " မိဘ အသိပညာပေး " ပွဲ ကို ယနေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒေးဝန်းမူလတန်းကြိုကျောင်းတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးခြင်း ပြုလုပ်ရာတွင် ဒေးဝန်းမူလတန်းကြိုကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခိုင်စန္ဒာမြင့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းများကို မိဘများအနေဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန်၊ မူကြိုကျောင်းအနေဖြင့်လည်း ကျောင်းဝန်းအတွင်း ကလေးများ မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ Hand Gelဖြင့် လက်ဆေးခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ ကလေးများကို မူကြို အပို့၊ အကြို ပြုလုပ်ရာတွင်လည်း မိဘများအနေဖြင့် Maskတပ်ကြရန် လိုကြောင်း၊ အတတ်နိုင်ဆုံး လူအရေအတွက် လျော့ရန် လိုကြောင်း စသည်ဖြင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ကလေးမိဘများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်