တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးနှိုးဆော်

တောင်သာ ဒီဇင်ဘာ ၁၃

  မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ  ရပ်ကွက်များသို့ ဒေသခံ ပြည်သူများအား    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကလိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါနှိုဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါလျော့ပါးသက်သာစေရန်အတွက် ကျန်မာရေး ဦးစီးဌာနသို့သွားရောက်ပြသရန်၊  အသက်ကြီးတဲ့သူတွေ၊  နှလုံးရောဂါ၊ ဆီးချိုရောဂါ၊အသက် ရှုလမ်း ကြောင်းဆိုင်ရာရောဂါရှိတဲ့သူတွေ  ကိုယ်ခံအားနည်းတဲ့သူတွေအတွက်   ပိုပြီးအန္တရာယ် များကြောင်းနှင့်ရောဂါ အကောင်းဆုံးကာကွယ်ဖို့ နည်းလမ်းတ ကတောစနစ်တကျ လက်မဆေး ပဲ   မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုလက်ဖြင့် ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ၊  တက်နိုင်သလောက် မိမိလက်နဲ့မျက်နှာကိုမထိတွေ့စေဖို့သတိပြုပါ၊ သန့်ရှင်းလက်ဆက်တဲ့ အစားအစာကို ရွေးချယ် စားသုံးပါ၊အစားအသောက်များကိုကျက်အောင်ချက်ပြုတ်စားသုံးပါ ကျန်းမာရေးဝန်ကြီးဌာနက  အချိန်နဲ့ တပြေးညီ ထုတ်ပြန်တဲ့ညွှန်ကြားချက်များအတိုင်း   လိုက်နာဆောင်ရွက်ပေးကြဖို့နဲ့    ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းနှိုဆော်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ် ရပ်ကွက်များသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းဆောင်ရွက်၍ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)