မိုးမိတ် ဒီဇင်ဘာ ၁၃ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (mask) များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အုန်းကြော ကျေးရွာ(သစ်)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် နိုင်ငံတော်မှ ပြည်သူများအတွက် ကာကွယ် ဆေးများကို အခမဲ့ထိုးနှံပေးလျှက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် ပြည်သူများမှပူးပေါင်းပါဝင်ပြီး ကာကွယ်တိုက်ဖျက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များလက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါရန်၊ ရောဂါပိုး ရှိသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသား မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာပြီး ကျန်းမာရေးအသိ၊ သတိများရရှိစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)