မော်လမြိုင်မြို့၌ မီးဘေးအန္တရာယ်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

မော်လမြိုင် ဒီဇင်ဘာ  ၁၃

မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊  နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍    ပြည်သူလူထုအတွင်း   မီးဘေးအန္တရာယ်   အရေးပေါ် အခြေအနေ ဖြစ်ပေါ်ပါက ဆောင်ရွက်နိုင်ရန်အတွက် မီးငြှိမ်းသတ်နည်းဇာတ်တိုက်  လေ့ကျင့် သရုပ်ပြပေးခြင်း ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက  မွန်ပြည်နယ် မီးသတ်ဦးစီးဌာနရုံးရှေ့တွင်  ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပေးသည်။

သရုပ်ပြပေးရာတွင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များက မီးလောင်မှု ဖြစ်ပွားပါက  အရေးပေါ်မီးငြှိမ်းသတ်ခြင်း၊  ရှာဖွေကယ်ဆယ်ခြင်း၊   မီးသတ်ယာဉ်ဖြင့်   ရေပက်ဖြန်း မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများ၊ အသင့်အနေထားဖြစ်နေစေရန် ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်  မီးသတ်ဦးစီးဌာနအနေဖြင့်   ပြည်သူများ  မီးဘေးအန္တရာယ်မှ   ကြိုတင်ကာကွယ်နိုင်စေရန်     အသိပညာပေးခြင်းများ၊   မီးသုံးစွဲရာတွင်    ကာကွယ်ရမည့်   နည်းလမ်းများ ဆောင်ရွက်ပေးခြင်းအပြင်  မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့်   မြဲ(၃)မြဲ၊   မြန်(၃)မြန်၊ သင့်(၄) သင့်နှင့်အညီ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)