ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

ဇေယျာသီရိ       နိုဝင်ဘာ  ၁၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့က စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ဇေယျာသီရိမြို့နယ်ဦးစီးမှူး ဦးစန်းလွင်က လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဇေယျာသီရိမြို့နယ်ရုံးသို့ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ဇေယျာသီရိမြို့နယ်ရုံးတွင်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းများအား မိမိမြို့နယ်ရုံးများတွင် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင်ပြန်လည်စိစစ်ပြီး မြို့နယ်ရုံးတွင်ရှိသော ရုံးလက်ခံ အိမ်ထောင်စုစာရင်းမှ ကောက်ယူပြုစုထားရှိသည့် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား လူဦးရေနှင့် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများထံပေးပို့၍ အမှန်တစ်ကယ်နေထိုင်ခြင်းရှိ/မရှိနှင့် ကိုင်ဆောင်ထားသည့်လက်မှတ် တစ်မျိုးမျိုး ဆောင်ရွက်ပေးရမည့် အရေအတွက်တို့အား စာရင်းပြုစု၍ မြို့နယ်ရုံးသို့ပြန်လည် ပေးပို့ထားသော အမှန်တကယ်ဆောင်ရွက်ပေးရန် ကျန်ရှိနေသူများအား ရုံးသို့လာရောက် ဆောင်ရွက်စေခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း လာရောက်ပြုလုပ်သည့် ပြည်သူများ အား ရှင်းလင်းပြောကြားခဲ့သည်။                            

ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် အဆိုပါကျေးရွာ၌ ဒီဇင်ဘာလ ၁၁ ရက်မှနေ့မှ စတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး ယမန်နေ့က စည်ပင်ကြီးကျေးရွာအုပ်စုမှ သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် အများပြည်သူ (၂၂၀)ဦးအား  နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး အတွက် ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်လိုပါက  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက်ပြီး မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။  

မြို့နယ် (ပြန်/ဆက်)