မြောက်ဦး ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ဒေါ်လှလှဝင်းဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ (ICRC) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ကူညီပံ့ပိုးမှုဖြင့် မြို့ပေါ်ရပ်ကွက်များတွင် ယာယီ ဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများသို့ ယနေ့ နံနက် ၉ နာရီအချိန်တွင် မိုင်းအန္တရာယ် အကြောင်း သိကောင်းစရာများအား သွားရောက်အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိ ရသည်။
အဆိုပါ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းသို့ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူးက မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း များအတွင်း၌ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများဖြစ်သည့် သျှစ်သောင်းဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်း၊ နရတ်စားဘုရားသိမ် တိုက်ပွဲရှောင်စခန်း၊ ကိုးနဝင်းဘုရားသိမ်တိုက်ပွဲရှောင် စခန်းနှင့် လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်းတိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး အဆိုပါတိုက်ပွဲရှောင်စခန်းများတွင် လာရောက်ခို လှုံ ရောက်ရှိနေကြသော ကျေးရွာအသီးသီးမှ တိုက်ပွဲရှောင်ပြည်သူများအား မြေမြှပ်မိုင်းအန္တရာယ်၊ မပေါက်ကွဲသေးသော လက်နက်များအန္တ ရာယ် ကြိုတင်တားဆီး ကာကွယ်နိုင်ရေးအတွက် ကျေးလက်နေပြည်သူများ သိသင့် သိထိုက်သော ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုင်းအန္တရာယ်အသိပေး အမှတ်အသားများ၊ ထိခိုက်ပေါက်ကွဲ စေတတ်သော မိုင်းများနှင့်ပတ်သက်၍လည်းကောင်း ၊ ပေါက်ကွဲစေတတ်သောမြေမြှပ်မိုင်းနှင့်စစ် အကြွင်း အကျန်လက်နက်များအား မိမိတို့ ကျေးရွာများအနီးတွေ့ရှိပါက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့ ချက်ချင်းအကြောင်းကြား ကြရန်စသောမိုင်းနှင့်ပတ်သက်သည့် သိကောင်းစရာများအား အသိပညာပေးဟောပြော ခဲ့ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)