မိုင်းဆတ် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများ လိုက်နာရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၇)နာရီက ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံကြရန်၊ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းကိုရှောင်ကြဉ်ရန်၊ စက္ကန့်(၂၀)ကြာ လက်ကိုမကြာဏဆေးကြောရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်တံခါးများဖွင့်ပြီး လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း Mask များကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်နှင့် အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ၊ အိမ်သားများနှင့် အနီးကပ်မထိတွေ့ရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်ပေးကြရန်စသည့် အသိပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေးစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)