လှိုင် ဒီဇင်ဘာ ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယနေ့နံနက် (၉:၀၀) အချိန်က စတင်ကာ ရေမြောင်းများအား သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စည်ပင်သာယာ ရေစီးရေလာဌာနမှ ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ရှေ့မြောင်းများအတွင်းရှိ ပိတ်ဆို့နေသော အမှိုက်များ ဆယ်ယူခြင်း၊ ရေဆင်းမြောင်းများ သန့်ရှင်းရေး ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။ လှိုင်မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့တော်သန့်ရှင်း သာယာလှပရေးနှင့် ရေးစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်