ညောင်ဦး ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးလက် တောင်သူများ မြေယာကိုင်းကျွန်း ဥယျာဉ်ခြံမြေလုပ်ငန်းများလုပ်ကိုင်ကြသည့် ကျေးလက ်တောင်သူများ၊ များပြားလာခဲ့ပြီးနှစ်ရှည်သီးနှံများ စိုက်ပျိုးမှုများပြားလာသည့် အပြင် ဈေးကွက် ဝင်သီးနှံများနှင့် ဈေးနှုန်းကောင်းရရှိနိုင်သည့်သီးနှံများကို ရွေးချယ်စိုက်ပျိုးသည့် တောင်သူများ ပြားလာကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ မုန့်ကုန်းကျေးရွာနွယ် ခရမ်းချဉ် စိုက်ပျိုး တောင်သူ ဦးတင်မျိုးထွန်းကရှင်းပြသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ တောင်ဖက်တန်း ကျေးရွာ၊ သစ်ထောင့်ကျွန်းကျေးရွာ၊ သူကောင်းတည်ကျေးရွာနှင့် အောက်ညဉ့်ကျေးရွာများရှိ ကျေးလက် တောင်သူများ၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့်ကျေးရွာ၊လဲဂွကျေး ရွာ၊ဆပ်ပြာကျင်း ကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊မုန့်ကုန်းကျေးရွာရှိကျေးလက်တောင်သူ များသည် ဈေးကွက် ဝင်နွယ်ခရမ်းချဉ်များ စိုက်ပျိုးမှုများပြားလာကြောင်း၊ နှစ်စဉ်စိုက်ပျိုး ချိန်ဖြစ်သည့် သီတင်း ကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လတို့တွင် ခရမ်းချဉ်မျိုးများထောင် ကြပြီး မြေအောက် ရေသွင်းပြီးခရမ်းချဉ်များစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။အဆိုပါကျေး ရွာများသည် ခရမ်းချဉ် စိုက်ပျိုးခြင်းအား ဝင်ငွေတိုးလုပ်ငန်းတစ်ရပ်အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြပြီး စိုက်ပျိုးစချိန်တွင်မှာပင် မြေပြုပြင်ခြင်း၊ရေသွင်းဘောင်ပြုလုပ် ခြင်းနှင့်ရေသွင်းခြင်းများပြုလုပ် ကြရာ နှစ်လအကြာတွင် ခရမ်းချဉ်ခွပွင့်လိုက်လာပြီးစ တင်အသီးသီးလာကြောင်း ၊အပွင့်တင်ဆေးနှင့်အသီးတင်ဆေးများပက်ဖြန်းပေးရပြီး စိုက်ပျိုးပြီး သုံးလအကြာတွင် အသီးများ စတင် ခူးဆွတ်ခူးရကြောင်း ခွပွင့်ပွင့်ချိန်အပွင့် နည်းအသီးနည်းသော်လည်း တစ်ပတ်၊ တစ်ပတ်ခွဲခန့် ကြာလျှင် အပွင့်ဖြိုင်ဖြိုင်ပွင့်၊အသီး လှိုင်လှိုင်သီးလာကြောင်း နွယ်ခရမ်းချဉ်များ အထွက်နှုန်းပိုမို တိုးတက်ပွင့်စေ၊သီးစေရန် ဘောင်တင်စနစ်ဖြင့် တြိဂံပုံသဏ္ဍာန်တိုင်ထောင် ကြိုးတန်းပေး ခြင်းဖြင့်နွယ်ခရမ်းချဉ်များ အပင်မြင့်မြင့်တက်ပြီး လေရ၊နေရဖြစ်ကာပိုမို အထွက်နှုန်းကောင်းမွန် လာပြီး စိုက်ပျိုးသည့်တောင်သူများလည်းများပြားလာခဲ့ကြောင်း ခရမ်းချဉ်သီးဆွတ်ခူးရောင်းချ ချချိန်ဈေးနှုန်းကောင်းရန်မျှော်လင့်နေကြပြီး ယခုဈေးနှုန်းအတိုင်းရောင်းချရပါက တောင် သူများမျှော်လင့်နေသည့် ဈေးနှုန်းပိုမိုရရှိနိုင်ကြောင်း သိရသည်။
ကိုထိန်၊KPD