ဒဂုံ ဒီဇင်ဘာ ၁၃
ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ပြည်အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အိမ်တော်ရာစေတီတော်ဝင်း အတွင်းရှိရတနာ့ ဗိမာန်တော်တန်ဆောင်းတွင် သက်(၁၈)နှစ်နှင့်အထက် ရပ်ကွက် (၅)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac) ထိုးနှံခြင်းကို ယနေ့ နံနက်(၉း၀၀) နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံသည့်ပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထားရှိ ပေးပြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူ အသက်(၁၈)နှစ်နှင့်အထက်ရှိ ရပ်ကွက်နေပြည်သူ (၁၁၀)ဦး ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac) ကို ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့်အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။