အလုံ ဇန်နဝါရီလ ၁၃
မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယမန်နေ့ နံနက်(၈း၀၀) အချိန်ကစတင်ကာ ရေမြောင်များအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွေင် အလုံမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးရဲထင်ဦး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စည်ပင်သာယာ ရေစီးရေလာဌာနမှ ဝန်ထမ်းများက အောက်ကြည့်မြင်တိုင်လမ်းအရှေ့ခြမ်း၊ နှင်းဆီကုန်းလမ်းနှင့် ပန်းခြံလမ်းကြားဖြတ်မြောင်းများအတွင်းရှိ ပိတ်ဆို့နေသော အမှိုက်များဆယ်ယူခြင်း၊ မြောင်းချေးများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေဆင်းမြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
အလုံမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေးစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။