နမ့်စန်မြို့ ခရီးသွားကျေးရွာ(Tourism Village)တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းပို့ချ နေမှုအား မြို့နယ်မှတာဝန်ရှိသူများ ကြည့်ရှုအားပေး

နမ့်စန်(တ)     ဒီဇင်ဘာ   ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ခရီးသွားကျေးရွာ (Tourism Village) အကောင်အထည်ဖော်ဆောင်ရွက်မည့် မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းလမ်း ကျေးရွာ၌ ခရီသွားကျေးရွာ လုပ်ငန်းသင်တန်းဖွင့်လှစ်ပို့ချနေမှုကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ ၊ သက်ဆိုင်ရာဌာန အကြီးအကဲများက မက်မွန်မုန်းကျေးရွာအုပ်စု ၊ ကုန်းလမ်းကျေးရွာတွင် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ကျေးရွာနေတိုင်းရင်းသားများကို ခရီသွားကျေးရွာ လုပ်ငန်းသင်တန်း ဖွင့်လှစ်ပို့ချနေမှု အခြေအနေနှင့် ကျေးရွာတွင်းခရီးသွားလုပ်ငန်းဖော်ဆောင်ရေးအတွက် ရိုးရာအခြေခံအဆောက်အဦများ ဆောက်လုပ်ထားမှုအခြေအနေတို့ကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မက်မွန်မုန်းကျေးရွာအုပ်စု ၊ ကုန်းလမ်းကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ယင်းနက် တိုင်းရင်းသားများ နေထိုင်သည့်ကျေးရွာဖြစ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန် မှုဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ၊ ဒေသခံပြည်သူနှင့် ပြည်တွင်းပြည်ပခရီးသည် များ ဒေသတွင်းလာရောက်လည်ပတ်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိနိုင်ခြင်း ၊ ယင်းနက်တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအားဖော်ထုတ်၍ ဆက်လက်ထိန်းသိမ်းနိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ခရီးသွားကျေးရွာ (Tourism Village )အဖြစ် ၂၀၂၁ ခုနှစ် မေလမှ  စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ခရီးသွားလုပ်ငန်းဒေသ အဖြစ် စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများ အား ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချနေခြင်းဖြစ်ကြောင်း  သိရသည်။

မြို့နယ် ( ပြန်/ဆက် )