ဒဂုံမြောက် ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးညွန့်လှိုင်က နှစ်စဉ်ထုတ်ဝေသည့် မဂ္ဂဇင်းအတွက် သက်တမ်းတိုးခြင်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများ၊ မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ရန်ပုံငွေများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အစည်အဝေးကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မပျက်မကွက် တက်ရောက်ပေးစေလိုကြောင်း စာပေနှင့် ပတ်သက်သည့် လုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ