သိမ်တော်ရှင် မြတ်စွာဘုရားသမိုင်းနှင့် ပေါင်လောင် ရှင်မဟာကဿပမထေရ်မြတ်၏ ထေရုပတ္တိ အကျဉ်း စာဖတ်ဝိုင်းကျင်းပ

ချမ်းအေးသာစံ          ဒီဇင်ဘာ    ၁၃

စာရေးဆရာမ တင်မမခိုင် (မန်းတက္ကသိုလ်)၏ သိမ်တော်ရှင် မြတ်စွာဘုရားသမိုင်းနှင့် ပေါင်လောင် ရှင်မဟာကဿပမထေရ်မြတ်၏ ထေရုပတ္တိအကျဉ်းစာအုပ် ရေးသူ/ ဖတ်သူ ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာမ တင်မမခိုင် (မန်းတက္ကသိုလ်)က သိမ်တော်ရှင် မြတ်စွာဘုရားသမိုင်းနှင့် ပေါင်းလောင် ရှင်မဟာကဿပမထေရ်မြတ်၏ ထေရုပတ္တိအကျဉ်း စာအုပ်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော စာရေးဆရာ၊ စာရေးဆရာမများက ယင်းစာအုပ်နှင့် ပတ်သက်၍ အကြောင်းအရာများကို ဆွေးနွေးဝေမျှခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းကြရာ စာရေးဆရာမ တင်မမခိုင် (မန်းတက္ကသိုလ်)က ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်တင်ဇာလွင်နှင့် တာဝန်ရှိသူများ၊ စာရေးဆရာမ တင်မမခိုင် (မန်းတက္ကသိုလ်)နှင့် စာရေးဆရာ၊ စာရေးဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ထိပ်ထားနိုင်