မိုင်းရှူးမြို့ အခြေခံပညာ အထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

မိုင်းရှူး ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့ အခြေခံပညာ အထက်တန်းကျောင်း သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်း ထိုက်ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများက ကျောင်းဝင်းအတွင်းရှိ အမှိုက်သရိုက်များ၊ မြက်ပင် ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ထွက်ရှိလာသော အမှိုက်များအား မီးရှို့ခြင်း စသည့် လုပ်ငန်းများကို ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)