ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က ပကောက်ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး လက်ထောက် ညွန်ကြားရေးမှူး ဦးထင်အောင်၊ လက်ထောက် လဝကမှူး ဦးထွန်းမင်းနိုင်၊ လက်ထောက် လဝကမှူး ဦးကောက်ရနှင့် ဝန်ထမ်းများက ပကောက်ကျေးရွာတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရး ကတ်ပြား(၁၈)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၂၄)ဦး၊ မိတ္တူ(၃၈)ဦး၊ စုစုပေါင်း(၈၀)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၈၃၄)ဦးနှင့် အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၂၃၆၂)ဦး၊ စုစုပေါင်း(၃၁၉၆)ဦးတို့ကို ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရပြီး ပြုလုပ်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(IPRD)