တောင်ကြီး ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ လူထုလမ်း လျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက ရှမ်းပြည်နယ်၊ ပြည်နယ်အားကစားကွင်းအတွင်း၌ ကိုဗစ်-၁၉စည်းကမ်းချက်နှင့်အညီ ကျင်းပခဲ့သည်။
အဆိုပါ လမ်းလျှောက်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဆောင်၍ ပြည်နယ်အာကစား ကွင်းအတွင်းတပျော်တပါး စုပေါင်းလမ်း လျှောက်ခဲ့ကြသည်။
ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူလူထုများက ပြည်နယ်အားကစားကွင်း ပြေးလမ်းတွင် လေးပတ် လမ်းလျှောက်ကြပြီး စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးသွေးပူ လေ့ကျင့်ခန်း အတွဲ(၁-၂)တို့ကို ဆောင်ရွက် ကြသည်။
ဆက်လက်၍ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ က အေးသာယာ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ အမျိုသား၊ အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀)လက်ဆင့်ကမ်း အမျိုးသားပြိုင်ပွဲကို ကြည့်ရှု အားပေးကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသူများအား ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)