ကျိုက်မရော၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်

ကျိုက်မရော    ဒီဇင်ဘာ ၁၂

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ရောဂါဖြစ်ပွား လျော့နည်းကျဆင်းစေရေး အသိပညာပေး နှိူးဆော်ခြင်းများကို ယနေ့ညနေ က ကျိုက်မရောမြို့ပေါ်ရှိ လူစည်ကားရာ လမ်းဆုံလမ်းဝများ၌ လှည့်လည် အသိပေး နှိုးဆော်မှုများကို အရှိန်အဟုန်မြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့အသိပညာပေး လှည့်လည်ရာတွင် ကိုဗစ်-၁၉ရောဂါ စတုတ္တလှိုင်းအဖြစ် ရောဂါပိုးအသစ် အိုမီခရွန်ပိုးသည် အခြားနိုင်ငံများ၌ စတင်ဖြစ်ပွားလျက်ရှိသဖြင့် မိမိတို့မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ပြည်သူများအနေဖြင့် အသွားအလာ ဆင်ခြင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းများ အထူးရှောင်ကြင်ကြရန်၊ နေအိမ်ပြင်ပ ထွက်ခွာတိုင်း မျက်နှာ face Shield များ၊ နှာခေါင်းစည်း Maskများ မဖြစ်မနေ တပ်ဆင်သွားလာကြပါရန်နှင့် အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန ၂၀ ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ လိုက်နာနေထိုင်ကြရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်များဖြင့် နေ့စဉ်နံနက်တစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် လှည့်လည် အသိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)