ရွှေပြည်သာ ဒီဇင်ဘာ ၁၂
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာကာ စာကြည့်တိုက် သို့လာရောက်သူ ပြည်သူများအား စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေးလျက်ရှိသည့်အပြင် online မှတဆင့်ပြည်သူများ အသိပညာရရှိစေရန်လည်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စာရေးဆရာညီမေတ္တာနှင့် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်အေးအေးမိုးတို့က (Talk Show) အသိပညာပေး ဆွေးနွေးခဲ့ပြီး စာရေးဆရာ ညီမေတ္တာ၏ ၎င်းကိုယ်တိုင် ရေးသားခဲ့သော “ဇီဝိတဒါန လူလွှတ်ပွဲနှင့် နှလုံးလှ ရသစာစုများ” စာအုပ်အား စာအုပ် မိတ်ဆက်ကဏ္ဍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရွှေပြည်သာမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနက ပြည်သူများ စာပေဗဟုသုတများ ပြည့်ဝစေရန် အသိပညာပေး ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသဖြင့် ရွှေပြည်သာမြို့နယ် ပြည်သူ့ စာကြည့်တိုက် online pageတွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်းကိုလည်း ပြန်/ဆက် ဦးစီးအရာရှိ (တာဝန်ပေး)ထံမှ သိရသည်။
နေမျိုးထွန်း ( ပြန်/ဆက်)