ရသေ့တောင် ဒီဇင်ဘာ ၁၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေး စနစ်တကျ ဆောင်ရွက်ထားရှိနိုင်ရေးအတွက် မြို့မစျေးအတွင်းစျေးဆိုင်ခန်းများနှင့် မြို့ပေါ်ရပ်ကွက်နေအိမ်များသို့ မီးဘေး လုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဉီးစီးဌာန မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးအောင်ချမ်းသာနှင့် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များက ယခုအခါ ပွင်းလင်းရာသီသို့ရောက်နေပြီဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် မီးဘေးခြုံရေးအတွက် လျှပ်စစ်မီးများသုံးစွဲရာတွင် စစနစ်တကျသုံးစွဲကြရေး၊ ထင်းမီးဖိုများဖြင့် ချက်ပြုတ် ရာတွင် လည်းမီးကြွင်းမီးကျန်များ မကျန်ရှိစေရေး အထူးသတိပြုကြရန်နှင့် ဟောင်းနွမ်းပြီး မီးဘေးအန္တရာယ် ရှိနိုင်သည့် လျှပ်စစ်ဝါယာကြိုးများအား အသစ်လဲလှယ်တပ်ဆင်ထားရှိကြရန်နှင့် မီးချိတ်၊ မီးကတ်၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများအား အဆင်သင့်ထားရှိကြရန်လိုအပ်ပါကြောင်း အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
အောင်စံထွန်း