သံဖြူဇရပ်မြို့တွင် မီးဘေးအန္တရာယ်​ ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

သံဖြူဇရပ်    ဒီဇင်ဘာ   ၁၂

 

ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများမီးသုံးစွဲရာတွင် ပေါ့ဆမှု မရှိစေရေးအတွက် မွန်ပြည်နယ်၊ သံ​ဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။        

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံဖြူဇရပ်မြို့နယ် မြို့ပေါ်ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းဖြင့် ထင်း၊ မီးသွေး၊လောင်စာအသုံးပြုနေအိမ်များအား မီးကြွင်းမီးကျန်မရှိစေရေး၊ ခြင်ဆေးခွေမီးများ၊ ဖုန်းအား သွင်း​ခြင်းမှ အပူလွန်ကဲမှု ဖြစ်ပေါ်နိုင်သည့်အတွက် သတိထားဆောင်ရွက်ကြ​ရေး၊ လျှပ်စစ်ဓာတ်အား ရယူ သုံးစွဲမှုနှင့်ပတ်သက်၍ အသုံးပြုထားသော လျှပ်စစ်ဝါယာကြိုးများ၏ အရည်အသွေးပြည့်မီမှုရှိ/မရှိ၊ ဟောင်းနွမ်းဝါယာကြိုများ အသစ်လဲလှယ်တပ်ဆင် အသုံးပြုရေးနှင့် ချက်ပြုတ်ပြီးလျှင်ဖြစ်စေ၊  အိမ်ပြင်ပ ထွက်ခွာလျှင်ဖြစ်စေ  မိန်းခလုတ်ချထားပြီးမှထွက်သင့်ကြောင်း စစ်ဆေး အကြံပေးပြောကြားခဲ့ကြောင်း သိရသည်။

အေးအေးမွန်