မန်တုံ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)လုပ်ငန်းများအား စီမံကိန်းကျေးရွာ(၄)ရွာဖြင့် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် ပထမ(၆)လပတ် အတွင်းအကောင်ထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး ဆောင်ရွက်မည့် လုပ်ငန်းများ မှာ ဘက်စုံသုံးခန်မတည်ဆောက်ခြင်းနှင့်အသေးစားရေအားလျှပ် စစ်တည်ဆောက်ခြင်း လုပ်ငန်းများဖြစ် ကြောင်း သိရသည်။
ထိုသို့ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ မြို့နယ်ဦးစီးမှူး ဦးနေလင်းဦး ကြီးကြပ်မှုဖြင့် ဒုတိယ ဦးစီးမှူး ဦးအိုက်ထွန်း၊ ဦးအောင်အောင်ဇော်သက် တို့မှ (AVIP) ရေးဆွဲနည်း သင်တန်းကို (၇-၁၂-၂၀၂၁) ရက်နေ့ မှ (၁၁-၁၂-၂၀၂၁) ရက်နေ့ထိ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသို့ စီမံကိန်းကျေးရွာ (၄)ရွာမှကိုယ်စားလှယ်(၃)ဦးဖြင့် စုစုပေါင်း (၁၂)ဦးအားသင်တန်း ပို့ချပေးခဲ့ကြောင်းသိရသည်။
မန်တုံ(ပြန်/ဆက်)